Saturday, April 25, 2015

ဖုန်းနံပါတ်အတုနဲ့ viber သုံးချင်သူများအတွက်
လက်ရှိသုံးနေတဲ့Viberကို sign up လုပ်ပါ။
ဖုန်းနံပါတ်တစ်ခုလက်ဆောင်ပေးပါလိမ့်မည်
နှစ်သက်ရာတစ်ခုရွှေးပါ ဒါဆိုViberပွင့်ပါလိမ့်မည်ရွှေးထားတဲ့နံပါတ်ကို viber မှာထည့်ရှောက်ပါ ။ viberမှာMiss caallဝင်လာပါကpingerထည်းဝင်လာတဲ့ဖုန်းနံပါတ်ကိုနောက်နှစ်လုံးချန်ပီး ရှေ့ ကလေးလုံးထည့်ပါ ပုံအတိုင်းဆို 1982 ပါ
။်

                    Download

Thursday, April 23, 2015

Symbian OS သုံး Nokia Touch Screen ဖုန်းတွေအတွက် မြန်မာကီးဘုတ်နဲ့မြန်မာဖောင့်ပါ

Symbian OS သုံး Nokia Touch Screen ဖုန်းတွေအတွက် မြန်မာကီးဘုတ်နဲ့မြန်မာဖောင့်ပါ
 Nokia touch ဖုန်းများတွင် ထည့်သွင်း အသုံးပြုနိုင်သောမြန်မာကီးဘုတ်ရောပါတဲ့ SymbianMyanmar v3.0 ကိုတင်ပေးလိုက်ပါတယ် ။ ယင်းဆော့ဖ်ဝဲသည် မြန်မာစာ အသုံးများကို ဖုန်းစနစ်များ အတွင်းတွင် ပြောင်းလဲသွားအောင် လုပ်ဆောင်ပေးနိုင်ပြီး SMS ပို့ခြင်း အင်တာနက်ကြည့်ရှုခြင်း သီချင်း နားထောင်ခြင်းတို့နှင့် အခြား office application များတွင်ပါ မြန်မာစာကို အသုံးပြုနိုင်မည်ဖြစ်သည်..။ ယင်းမြန်မာစာ စနစ်တွင် အသုံးပြုထားသော font အမျိုးအစားများမှာ ဇော်ဂျိ နှင့် မြစေတီ font များကို သုံးစွဲထားခြင်းဖြစ်ပြီး ယင်းဖောင့်များ ထည့်သွင်းထားသော ဖုန်းများသို့ SMS ပို့ရာတွင်လည်း တဖက်မှ SymbianMyanmar ဆော့ဖ်ဝဲ မရှိရင်တောင်မှ



ယင်းစာများကို မြင်ရနိုင်မည်ဖြစ်သည်..။SymbianMyanmar v3.0 ကိုထည့်သွင်းလိုပါက series 60v5 ဖုန်းများဖြစ်သော Nokia 5800, N97, 5530, X6 အခြား Symmbian OS သုံး Nokia touchScreen ဖုန်းများတွင် ထည့်သွင်းနိုင်မည်ဖြစ်သည်..။
လုပ်ဆောင်နိုင်တဲ့ features တွေအနေနဲ့
1. Contacts – မြန်မာစာသားများ ရေးသားနိုင်ခြင်း။
2. Message – မြန်မာစာသားဖြင့် ပေးပို့နိုင်ခြင်း။
3. Web Broswer – မြန်မာစာသားဖြင့် ရှာဖွေနိုင်ခြင်း။
4. Key Number – မြန်မာအက္ခရာအဖြစ် ပြောင်းလဲခြင်း။
5. Contact Bar – မြန်မာစာသားများ ရေးသားနိုင်ခြင်း။
6. Website – ဇော်ဂျီဖောင့်အား မြင်နိုင်ခြင်း။
7. File Name – ဇော်ဂျီဖောင့်အား အသုံးပြုနိုင်ခြင်းနှင့် အခြားသော အသုံးဝင်မှုများ။
(အထူးသတိပြုရမှာက – ဒီ application ကိုမသွင်းခင်မှာ ဖုန်းထဲမှာ မြန်မာစာပေါ်အောင်လုပ်ထားတဲ့ application တွေ ၊ font တွေကိုအရင်ဖြုတ်ထားဖို့ပါပဲ ။ error တက်နိုင်ပါတယ်) အောက်မှာ application ကိုရယူနိုင်ပါတယ်။ ဒီမှာ​ဒေါင်းယူပါ

အလန်းနားဆင်နိုင်မယ့်-MAVEN Music Player (Pro) v2.47.38 Apk


Download
     အဆင်ပြေတယ်ဆိုရင် { ဒီမှာရော } မှာLike နှိပ်ပေးခဲ့ပါနော်...


အဆင်မပြေရင် comment မှာပြောခဲ့နော်
✴✴✴✴✴✴✴✴✴✴✴✴✴✴✴✴
✳✳✳✳✳✳✳

မြန်မာပြက္ခဒိန် (2015)



2015ခုနှစ်အတွက် မြန်မာပြက္ခဒိန်လေးပါ
လိုအပ်သူများဒေါင်းနိုင်ပါပြီ။



                                          အဆင်ပြေတယ်ဆိုရင် { ဒီမှာရော } မှာLike နှိပ်ပေးခဲ့ပါနော်...


အဆင်မပြေရင် comment မှာပြောခဲ့နော်
✴✴✴✴✴✴✴✴✴✴✴✴✴✴✴✴
✳✳✳✳✳✳✳

Windwos 8 ဆိုတာဘာလဲ?


Windwos 8 ဆိုတာဘာလဲ? ကျနော့်ကို FB မှ ညီအကိုတစ်ယောက် မေးလာတာလေးပါ သိရင်နည်းနည်းပြောပြပေးပါဆိုလို့ ဒီပိုစ့်လေးကို ကျနော်သိသလောက ပြန်လည်မျှဝေလိုက်ပါတယ်။ လေ့လာခါစဘော်ဒါတွေအတွက်တော့ အခုကျနော် ပြန်လည်မျှဝေမှုသည် Windows 8 နဲ့ပတ်သက်တဲ့ အကြောင်းအရာအားလုံးကို ပြီးပြည့်စုံတောင် မဟုတ်ပေမယ့် တစ်ဖက်တစ်လမ်းက အထောက်အကူ ဖြစ်လောင်အောင် မျှဝေလိုက်ပါတယ်။ ၂၀၁၂ ခုနှစ် အောက်တိုဘာ ၂၆ ရက်နေ့တွင် စတင်ဖြန့်ချီခဲ့ပါတယ်။ အဲဒီတုန်းကတော့ Windows 8 သည် Microsoft မှ နောက်ဆုံးထုပ်လိုက်သော Operating System တစ်ခုအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ အခု ၂၀၁၅ ခုနှစ်အရောက်မှာတော့ Windows 8.1 Pro ဗားရှင်းအထိ ထုပ်လုပ်ပြီးဖြစ်တော့ ၂၀၁၂ ခုနှစ်မှာ ထုပ်လိုက်တဲ့ Windows 8 သည် နောက်ဆုံး ထုပ်ကုန်မဟုတ်တော့ပါ။ Windows 8 OS ကို C, C++ နှင့် Assembly language တို့ကို အဓိကအခြေခံထားပြီး ဖန်တီးထားထာဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့က နောက်ဆုံးအဖြစ် ထုတ်ခဲ့တဲ့ Windows 7 OS ကို အပြတ်အသား ကျော်ဖြတ်နိုင်မယ်လို့ အများက ယူဆခဲ့ကြပါတယ်။ သူ့ရဲ့ အားသာချက် အားနည်းချက် ကောင်းဆိုးဆိုတာတွေကိုတော့ အမျိုးမျိုး ရှိနိုင်ပါတယ်။ အဲဒီထဲက ကောင်းတာတွေကို ရွေးသုံးပြီး၊ မကောင်းတာတွေကို ဆင်ခြင်သုံးသပ်ယူရမှာဖြစ်ပါတယ်။ ယခင် Windows OS တွေနဲ့ မတူကွဲပြားခြားနားသော ထုတ်ကုန်ဖြင့် ပရိတ်သတ်ကို ဆွဲဆောင်နိုင်ပါတယ်။ Start Windows ဟာ အလွန်မြန်ဆန်လာပါတယ်။ အဖွင့်မျက်နှာစာဟာလည်း မသိလျှင် Tablet တစ်လုံး၏ Screen မျာက်နှာပြင်သားကဲ့သို့ ခံစားရစေပါလိမ့်မယ်။ အထူးခြားဆုံးကတော့ အလျှင်မြန်ဆုံး Windows တက်လာနိုင်ခြင်းပဲ ဖြစ်ပါတယ်။ ပြောရရင်တော့ အရင် Windows 7 ထက် ၃ ဆပိုမိုမြန်ဆန်လာပါတယ်။ ကျနော်မကြိုက်တဲ့အချစ်ကတော့ Start Button ကိုနေရာရောပံစံပါ ရွေ့ပြောင်းလိုက်တာဖြစ်ပါတယ်။ Start Button ကို မြင်ရဖို့က အပေါ်ညာဘက်ထောင့်ကို မြားတင်မှသာ Start အုပ်စုပေါ်လာပါတယ်။ Mouse ကစားမှုကို ပိုအချိန်ကုန်စေပါတယ်။ အားနည်ချက်လို့ ထင်ရပေမယ့် အသွင်က အရင် Windows OS နဲ့စာလျှင်တော့ ဆန်းနေတာဖြစ်လို့ လက်ခံသဘောကျပါတယ်။ Windows 8 ရဲ့ နောက်ကောင်းတဲ့တစ်ချက်ကတော့ Smart Phone တွေမှာလို ရှိသမျှအသုံးများအား Desktop Screen အဖြစ်အလှဆင်ပေးထားတာပဲဖြစ်ပါတယ်။ တကယ်လို့ စာဖတ်သူ ကွန်ပျူတာမှာ Windows 8 ကို install လုပ်ပြီး အသုံးပြုလိုတယ်ဆိုရင်တော့ အချို့သော လိုအပ်ချက်တွေရှိပါတယ်။ အောက်ပါအချက်များနဲ့ ပြည့်စုံနေပါမှာ စာဖတ်သူရဲ့ ကွန်ပျူ တာမှာ Windwos 8 တစ်ခုကို Install လုပ်ပြီး အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Windows 8 ကို install လုပ်ရန် လိုအပ်ချက်များ v  Processor: 1 gighertz (GHz) or fester with support for PAE, NX, and SSE2 (more info) v  RAM: 1 gigabyte (GB) (32-bit) or 2 (64-bit) v  Hard disk space: 16 GB (32-bit) or 20 GB (64-bit) v  Graphics card: Microsoft DirectX 9 graphics device with WDDM Driver ကွန်ပျူတာအကြောင်းနားလည်မှုအားနည်းသူများကတော့ ကျွမ်းကျင်သူများနှင့်ပြကာတိုင်ပင်သင့်ပါတယ်။ အချို့သော စက်တွေမှာ အလွယ်ကတူ Upgrade လုပ်နိုင်ခွင့်ရှိကောင်းရှိနိုင်ပါတယ်။ နောက်ထပ် Windows 8 မှာ Style Type နှစ်မျိုးဖြင့်ရနိုင်ပါသေးတယ်။ Windows 8 နှင့် Windows RT တို့ပဲဖြစ်ပါတယ်။ Windows RT ကတော့ Tablet များနှင့် TouchScreen သုံး PC များအတွက်ဖြစ်ပါတယ်။ Windows 8 ကတော့ သာမန် အိမ်သုံး PC များအတွက်ဖြစ်ပါတယ်။ (ပိုပြီးသင့်တော်ပါတယ်) Windows 8 ကိုတော့ Microsoft က Pro Version ၊ Enterprise Version နှင့် Core Version ဟူ၍ အမျိုးအစားခွဲထုပ်ပေးထားပါတယ်။ သာမာန် User Core version ကိုတော့ ၀ယ်သုံးကြတာများပါတယ်။ Special User အဖြစ်အသုံးပြုလိုသူတွေကတော့ Pro Version ကို ၀ယ်သုံးကြပါတယ်။ တကယ်လို့ Windows 8 ဆိုင်ရာ ဗားရှင်းတွေထဲက Network ပါဝင်သော အကောင်းဆုံးကိုမှ အသုံးပြုလိုလျှင်တော့ Windows 8 Enterprise Version ကို ၀ယ်သုံးနိုင်ကြပါတယ်။ Windows 8 Professional Upgrade -$69.99 (save$130) Windows 8 Pro Pack –Product Key Card (no media) -$69.99 (save $30) Windows 8 (Full Version) – OEM $99.99 Windows 8 Pro (Full Version) –OEM $139.99 31, January,2013 အထိ Windows 8 ရဲ့ ဈေးနှုန်းကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

                   
Windows 8.1 ဆိုင်ရာကိုတော့ မကြာမှီတင်ပေးသွားမှာဖြစ်ပါတယ်။ အထက်ပါ ဈေးနှုန်းများသည် အပြောင်းအလဲရှိနိုင်ပါသည်။ အားလုံးပဲ အဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ် တကယ်လို့ ကျနော်လက်လှန်းမှီသလောက် ရေးသည့် ဒီပိုစ့်ထဲမှာ အမှားများပါခဲ့ရင်တော့ ကျနော့်ရဲ့အားနည်းချက်သာဖြစ်ပါကြောင်း ရိုးသားစွား ၀န်ခံပါသည်။ PDF အဖြစ် သိမ်းဆဲထားချင်သူများကတော့ အောက်ကလင့်မှာဒေါင်းယူနိုင်ပါပြီ။
                                                           Download Here 
                                                                 OR
                                                           Download Here
                                                                 OR 
                                                           Download Here 
                                                                 OR
                                                           Download Here  
                                                အားလုံးကို ခင်မင်လေးစားလျှက် အဆင်ပြေပါစေ


          အဆင်ပြေတယ်ဆိုရင် { ဒီမှာရော } မှာLike နှိပ်ပေးခဲ့ပါနော်...


အဆင်မပြေရင် comment မှာပြောခဲ့နော်
✴✴✴✴✴✴✴✴✴✴✴✴✴✴✴✴
✳✳✳✳✳✳✳

com.facebook.katana-32.0.0.19.15-9314152-minAPI14အသစ်​ထွက်​ရှိလားလို့

com.facebook.katana-32.0.0.19.15-9314152-minAPI14အသစ်​ထွက်​ရှိလားလို့
ပြန်​မျှ​ဝေ​ပေးလိုက်​ပါတယ်​သူငယ်​ချင်းတို့မှာမရှိ​သေးရင်​ဒီမှာ​ဒေါင်းယူ
သွားလို့ရပါပြီဒီface book ကိုသုံးရင်
အရင်​သုံးထားတဲ့face book ဖျက်​​ပေး
လိုက်​ပါface book ကို​တော့​အောက်​က
လင့်​မှာ​ဒေါင်းယူသွားနိင်​ပါပြီ​ဆော့ဝဲ​ဒေါင်းယူရန်ဒီမှာ​ဒေါင်းယူပါ

Taskbar 7 v1.8 . APK(453.15MB)


 သူငယ်ချင်းအားလုံးမင်္ဂလာပါ ဒီတစ်ခါတော့ ဖုန်းသမားတွေအတွက် ဒီဇိုင်းဆန်းပြီး လုံးဝအလန်းဇယား
လေးဗျာ Taskbar 7 v1.8. apk လေးကိုတင်ပေးလိုက်ပါတယ် ဒီဇိုင်းကတော့ ကွန်ပျူ တာ windows 7 .လိုပဲ စပ်သုံးကြည့်မယ်ဆို့ရင် ဒေါင်လုပ်ယူသွားပါ ကျေးဇူးတင်ပါတယ်





         အဆင်ပြေတယ်ဆိုရင် { ဒီမှာရော } မှာLike နှိပ်ပေးခဲ့ပါနော်...


အဆင်မပြေရင် comment မှာပြောခဲ့နော်
✴✴✴✴✴✴✴✴✴✴✴✴✴✴✴✴
✳✳✳✳✳✳✳



Image result for YOU PLAYER PRO V5.2 APK

ကမ္ဘာပေါ်မှာနာမည်ကြီး ရုပ်သံလိုင်းများစွာကို အခမဲ့ကြည့်ရှုနိုင်မယ့် Application လေးတစ်ခုကိုတင်ပေး လိုက်ပါတယ်ဗျာ။ အခု Application လေးကိုအသုံးပြုမယ်ဆိုရင်တော့ အင်တာနက်ကွန်နရှင်ရှိဖို့တော့ လိုအပ်ပါတယ်ဗျာ။ ပါဝင်တဲ့ရုပ်သံလိုင်းတွေကတော့ နာမည်ကြီးတွေချည်းပဲဗျာ။ မွှေနိုင်မယ်ဆိုရင် ဘောလုံး ပွဲတွေတောင် Live ကြည့်နိုင်ပါတယ်။ ဒီလောက်ဆိုသူ့ရဲ့အသုံးဝင်ပုံကိုသိလောက်ပြီလို့ထင်ပါတယ်ဗျာ။ Android OS 2.3 နှင့်အထက်ဖုန်းများမှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။


**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

                                          အဆင်ပြေတယ်ဆိုရင် { ဒီမှာရော } မှာLike နှိပ်ပေးခဲ့ပါနော်...


အဆင်မပြေရင် comment မှာပြောခဲ့နော်
✴✴✴✴✴✴✴✴✴✴✴✴✴✴✴✴
✳✳✳✳✳✳✳

iphone ရဲ့လူသိနည်းသော ၂၁ ချပ်


iPhone သုံးစွဲ သူများသည် သတိ မထားမိနိုင်သော မှော်ဆန်သည့် လုပ်ဆောင်ချက်များဖြင့် အသုံးပြုနိုင် သည်။ ထို့ကြောင့် iPhone သုံးစွဲသူများ သတိမထား မိနိုင်သော hidden feature များကို ဖော်ပြလိုက် ပါသည်။
(၁) iPhone ကို လှုပ်ရမ်းပြီး undo လုပ်ခြင်း

စာရိုက်သည့်အခါ သို့မဟုတ် ဓာတ်ပုံတစ်ပုံကို ပြင်ဆင်မှုပြုလုပ်သည့်အခါ အမှားအယွင်း တစ်စုံတစ်ရာ ပြုလုပ်မိပါက ဖုန်းကို အနည်းငယ် လှုပ်ယမ်းပြီး undo ပြုလုပ်နိုင်သည်။
(၂) Airplane mode သို့ပြောင်းပြီး ဘက်ထရီကို လျင်မြန်စွာ အားသွင်းခြင်း

Airplane mode သို့ပြောင်းလဲခြင်းသည် ကြိုးမဲ့စနစ်နှင့် ဆယ်လူလာ အသုံးပြုမှုကို ပိတ်ပေးသောကြောင့် ဖုန်း ဘက်ထရီကို ယခင်ထက် နှစ်ဆပိုမြန်သောနှုန်းဖြင့် အားသွင်းပေးနိုင်သည်။
(၃) Email များကို အသံထွက်ဖတ်ရန် Siri ကို စေခိုင်းခြင်း

“Read my email” ဟု ပြောလိုက်ရုံဖြင့် Siri က message အားလုံးကို ကျယ်လောင်သော အသံဖြင့် ဖတ်ပေးနိုင်သည်။ မကြာသေးမီက ဝင်ရောက်ထားသော email များကို ဖတ်ခိုင်းလိုပါက “Read my latest email” ဟု ပြောကြားကာ စေခိုင်းနိုင်သည်။ ထို့အပြင် Maung Maung ၏ email ကို ဖတ်ရှု လိုပါက “Do I have email from Maung Maung?” ဟု ပြောကြားကာ စေခိုင်းနိုင်သည်။
(၄) ကောင်းကင်တွင် ပျံသန်းနေသည့် လေယာဉ်များကို ရှာဖွေခြင်း

“What flights are above me?” သို့မဟုတ် “Planes overhead” ဟု ပြောလိုက်ရုံဖြင့် Siri က ပျံသန်းနေသည့် လေကြောင်း ခရီးစဉ်များကို ဖော်ပြပေးမည် ဖြစ်သည်။
(၅) စာလုံးအသံထွက် အတွက် Siri ကို သင်ကြားပေးခြင်း

Siri က မှားယွင်းသည့် အသံထွက်ဖြင့် ပြောကြားသည့်အခါ “That’s not how you pronounce [BLANK]” ဟု ပြောကြားပြီး အသံထွက်အမှန်ကို သင်ကြားပေးနိုင်သည်။
(၆) Timer ဖြင့် သီချင်းကို အလိုအလျောက် ပိတ်ခြင်း

ညဘက်တွင် သီချင်းနားထောင်သည့်အခါ သီချင်းကို အလိုအလျောက် ပိတ်ပေးနိုင်ရန်အတွက် Timer ဖြင့် အသုံးပြုနိုင်သည်။ Clock app ရှိ Timer တွင် “When Timer Ends” ၌ “Stop Playing” ကို ရွေးချယ်ပြီး သတ်မှတ်ထားသည့် အချိန်တွင် ဖွင့်ထားသည့် သီချင်းကို ပိတ်ပေးနိုင်သည်။
(၇) ဗီဒီယိုများနှင့် သီချင်းများကို မြန်နှုန်း (၃) မျိုးဖြင့် ကျော်ခြင်း

ဒီနည်းလမ်းက အလွန်ကို အသုံးတည့်သည့် နည်းလမ်းဖြစ်သည်။ သီချင်း နားထောင်ခြင်း သို့မဟုတ် ရုပ်ရှင်ကြည့်ရှုရာတွင် မိမိလိုချင်သည့် နေရာသို့ ရောက်အောင် ကျော်ခြင်းကို Apple က scrub လုပ် သည်ဟု သုံးနှုန်းထားသည်။ Default mode က high-speed scrolling ဖြစ်သည်။ ၎င်းသည် လိုချင် သည့် နေရာကို အတိအကျ ရရှိစေရန် ခက်ခဲနိုင်သည်။ သို့သော်လည်း scroll လုပ်သည့် အမြန်နှုန်းကို ထိန်းချုပ်နိုင်သည်။ Video screen ၏ ထိပ်ဘက်ပိုင်းရှိ slider ကို ဖိထားပြီး အောက်သို့ ဆွဲချခြင်းဖြင့် ချိန်ညှိနိုင်သည်။ Scrubbing speed ကို half-speed, quarter-speed, eighth-speed (fine scrbbing) ဟူ၍ ပြောင်းလဲ ချိန်ညှိနိုင်သည်။
(၈) Volume ခလုတ်များဖြင့် ဓာတ်ပုံရိုက်ခြင်း

တစ်ခါတစ်ရံတွင် capture ခလုတ်ကို နှိပ်ဖို့ အခက်အခဲ ရှိနေချိန် ဓာတ်ပုံရိုက်လိုသည့်အခါ အသံအတိုး အကျယ် ပြုလုပ်နိုင်သည့် volume ခလုတ်များဖြင့် ဓာတ်ပုံရိုက်နိုင်သည်။ နားကြပ်မှ အသံအတိုးအကျယ် ခလုတ်များဖြင့်လည်း ဓာတ်ပုံရိုက်နိုင်သည်။
(၉) ခလုတ် တစ်ချက်နှိပ်ရုံဖြင့် ဓာတ်ပုံအများပြား ရိုက်ကူးခြင်း

ဓာတ်ပုံရိုက်ကူးသည့် captre ခလုတ်ကို ဖိထားခြင်းဖြင့် ဓာတ်ပုံအများအပြားကို အလျင်အမြန် ရိုက်ကူး ပေးနိုင်သည်။ ၎င်းသည့် ရွေ့လျားနေသည့် အရာဝတ္ထုတစ်ခုကို ဓာတ်ပုံရိုက်ကူးရာတွင် အလွန်အသုံး တည့်စေသည်။
(၁၀) Text message များတွင် ပေးပို့ချိန်ကို ကြည့်ရှုခြင်း

Text bubble ကို ဘယ်ဘက်သို့ ဆွဲလိုက်သည့်အခါ text message တိုင်း၏ ပေးပို့ချိန်များကို သိရှိနိုင် သည်။
(၁၁) iPhone ကို ရေချိန်တိုင်း ကိရိယာအဖြစ် အသုံးပြုခြင်း

အိမ်နံရံမှာ ဓာတ်ပုံတစ်ပုံကို ချိတ်ဆွဲလိုသည့်အခါ သီးခြား ရေချိန်တိုင်းကိရိယာကို သုံးစရာမလိုပါဘူး။ Compass app ကို ဖွင့်ပြီး ဘယ်ဘက်ကို swipe ကာ ပြီးပြည်စုံသော ရေချိန်တိုင်း ကိရိယာအနေဖြင့် အသုံးပြုနိုင်သည်။
(၁၂) Select လုပ်ထားသည့် စာသားများကို အသံထွက်ဖတ်နိုင်ခြင်း

Settings > General > Accessibility > Speak Selection ကို ON ခြင်းဖြင့် စာသားများကို select လုပ်သည့်အခါ ပေါ်လာသည့် Speak ခလုတ်ကို နှိပ်ပြီး select လုပ်ထားသည့် စာသားများကို အသံထွက် ဖတ်စေနိုင်သည်။
(၁၃) Spacebar ကို နှစ်ချက်နှိပ်ပြီး ဝါကျအသစ်တစ်ကြောင်း စတင်ခြင်း

စာရေးသားရာတွင် ဝါကျအသစ်တစ်ကြောင်းဖြင့် စတင်လိုသည့်အခါ spacebar ကို နှိပ်ချက်နှိပ်ရုံဖြင့် ပြုလုပ်နိုင်သည်။ ထိုသို့ပြုလုပ်သည့်အခါ စာကြောင်းအဆုံးတွင် full stop တစ်ခုနှစ် space တစ်ခု အလိုအလျောက် ထည့်သွင်းပေးမည် ဖြစ်သည်။
(၁၄) Calendar app ကို အသေးစိတ် ကြည့်ရှုအသုံးပြုခြင်း

Calendar app ကို အသုံးပြုသည့်အခါ ဖုန်းကို landscape အနေအထားသို့ ပြောင်းလဲပြီး အသေးစိတ် ကြည့်ရှုနိုင်သည်။
(၁၅) ဓာတ်ပုံရိုက်ရာတွင် lock autofocus နှင့် exposure ဖြင့် အသုံးပြုခြင်း

ဓာတ်ပုံတစ်ပုံ ရိုက်ကူးသည့်အခါ iPhone ကင်မရာက focus နှင့် exposure ကို အမြဲချိန်ညှိပေးသည်။ သို့သော်လည်း screen ပေါ်တွင် အဝါရောင် စတုရန်းကို နှစ်ချက် မှိတ်တုတ်မှိတ် ပေါ်သည့်အထိ ဖိထားပြီး focus နှင့် exposure ကို lock ပြုလုပ်ထားနိုင်သည်။ Autofocus နှင့် exposure lock ဖြစ် သည့်အခါ AE/AF Lock ဆိုသည့် အဝါရောင် icon ပေါ်လာမည် ဖြစ်သည်။
(၁၆) Tap တစ်ချက်လုပ်ရုံဖြင့် web suffix များ ထည့်သွင်းခြင်း

Safari တွင် ဝက်ဘ်လိပ်စာတစ်ခု ရိုက်ထည့်သည့်အခါ keyboard အောက်ဘက်ရှိ “.” ကို ဖိထားပြီး ပေါ်လာသည့် web suffix များ (.com, .net, .edu စသည်များ) ကို ရွေးချယ်ထည့်သွင်းနိုင်သည်။
(၁၇) Email draft များကို အလျင်အမြန် အသုံးပြုခြင်း

Mail app တွင် screen ညာဘက် အောက်ထောင့်ရှိ Compose icon ကို ဖိထားပြီး အကြမ်းရေးထား သည့် email များကို အလျင်အမြန် အသုံးပြုနိုင်သည်။
(၁၈) တုန်ခါမှုကို စိတ်ကြိုက်ပြင်ဆင်ခြင်း

Settings > Sounds > Ringtone > Vibration > Create New Vibration လုပ်ပြီး သက်ဆိုင်ရာ contact များအတွက် vibration pattern ကို စိတ်ကြိုက်ပြင်ဆင်နိုင်သည်။ ထိုသို့ vibration သတ်မှတ် ထားသည့်အခါ message သို့မဟုတ် ဖုန်းခေါ်ဆိုမှု ဝင်ရောက်လာသည့်အခါ တုန်ခါမှုအပေါ်မူတည်ပြီး contact ကို ခွဲခြားသိရှိနိုင်သည်။
(၁၉) Keyboard shortcut များ စိတ်ကြိုက်ဖန်တီးခြင်း

Settings > General > Keyboard > Shortcuts > Add New Shortcut ကိုသွားပြီး စကားလုံး တစ်လုံး သို့မဟုတ် စကားရပ်တစ်ခု ဖန်တီးပြီး သက်ဆိုင်ရာ shortcut ကို ဖန်တီးနိုင်သည်။ ထို့နောက် shortcut ကို ရိုက်လိုက်သည့်အခါ သက်ဆိုင်ရာ စကားလုံး သို့မဟုတ် စကားရပ်တစ်ခု ပေါ်လာမည်ဖြစ် သည်။ Emoji အတွက်လည်း shortcut များ ဖန်တီးနိုင်သည်။
(၂၀) Passcode တစ်ခုကို စာလုံးများဖြင့် ဖန်တီးခြင်း


Settings > General > Passcode Lock တွင် Simple Passcode ကို OFF လုပ်ပြီးနောက် passcode ကို စာလုံးများဖြင့် ဖန်တီးနိုင်သည်။ ထို့နောက်တွင် ဖုန်းကို unlock ပြုလုပ်ရာ၌ သတ်မှတ်ထားသည့် passcode စာလုံးများ ထည့်သွင်းရန် keyboard ပေါ်လာမည် ဖြစ်သည်။
(၂၁) သတိပေးချက်များကို LED flash ဖြင့် ဖော်ပြခြင်း


ဖုန်းခေါ်ဆိုမှု သို့မဟုတ် message တစ်စောင် ဝင်ရောက်လာသည့်အခါတွင် ဖုန်းမြည်သံ သို့မဟုတ် တုန်ခါမှုစနစ်ဖြင့် မဟုတ်ဘဲ LED flash ဖြင့် ဖော်ပြနိုင်သည်။ Settings > General > Accessibility တွင် “LED Flash for Alerts” ကို ON ပြီး အသုံးပြုနိုင်သည်
                                       အဆင်ပြေတယ်ဆိုရင် { ဒီမှာရော } မှာLike နှိပ်ပေးခဲ့ပါနော်...


အဆင်မပြေရင် comment မှာပြောခဲ့နော်
✴✴✴✴✴✴✴✴✴✴✴✴✴✴✴✴
✳✳✳✳✳✳✳

 

Copyright @ 2013 ကော့ကရိတ်သားလေး(နည်းပညာ).